ရန်ကုန်မြို့မှ ယုတ်မာသော taxi သမား
ရန်ကုန်မြို့မှ ယုတ်မာသော taxi သမား ….. ဤ video file မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် CCTV camera မှတဆင့် ပြန်လည်ကူးယူလာသော video file ဖြစ်ပါသည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )
26.6.2017 တွင်ကျွန်မညီမလေး ထိုင်းမှခေတ္တပြန်လာခဲ့ပါသည်။ လေဆိပ်မှ taxi ငှား၍ စော်ဘွားကြီးကုန်းလမ်းဆုံရှိ ကမ္ဘောဇဘဏ်၌ ငွေဝင်ထုတ်ပါသည်။
taxi သမားအားခေတ္တစောင့်ရန်ပြောဆိုပြီး ပါလာသော လပ်ဂေ့နှစ်အိတ်အား ကားပေါ်ထားခဲ့ပါသည်။ ငွေထုတ်ပြီး ပြန်အထွက်မှာ ကားသမားမှာမရှိတော့ပါ။
ဘဏ်ရှေ့၌နှစ်နာရီကြာအောင်စောင့်နေသော်လည်းtaxi သမားမှာပြန်မလာပါ။ အိတ်ထဲ၌အရေးကြီးသောစာရွက်စာတမ်းများပါရှိသွားပါသဖြင့် တိကျစွာသတင်းပေးသူအား ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။
ဤ post အားကျွန်မ၏ fb သူငယ်ချင်းများအားလုံးဝိုင်း၍ share ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။
Post a Comment