Header Ads

Sponsor

ဖွေဖွေ ရှာရှာ ပြည်မြန်မာ


မင်းတုန်းမင်းကြီးသည် နံနက် အိပ်ရာထရာတွင် ကိုယ်ခန္ဓာတော် မနံစေရအောင် စံပယ်ဆီများဖြင့် မိဖုရားများက လိမ်းပွ တ်ပေးရသည်။ မင်းတုန်းမင်းကြီးသည် စံပယ်ဆီဖြင့်သာ ကိုယ်ကို လိမ်းပွတ်ခံပြီး လုံးဝ ရေမချိုးခဲ့ပါ။
ဦးရာဇတ်သည် အခြားသူများအတွက် အသနားခံစာကို စေတနာသက်သက်ဖြင့် ရေးပေးတတ်သဖြင့် မန္တလေးမြို့သူမြို့ သားများက ‘ စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီး ‘ ဟု ခေါ်ခဲ့ကြသည်။
မြန်မာ့စတီရီယိုလောကတွင် အောင်မင်း(သုခမိန်လှိုင်)၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ မင်းချစ်သူတို့အား ‘ မင်းလေးမင်း ‘ ဟု ခေါ်ကြသည်။ ( ဆရာ ဆက်ပိုင်က ‘ မင်းကြီးလေးပါး ‘ ဟု ခေါ်ဆိုကြောင်း ထောက်ပြထားပါသည်။ )
မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဗီလိန်(villain) လူဆိုးခန်းတွင် အများဆုံးသရုပ်ဆောင်၍ ရှားရှားပါးပါး အကယ်ဒမီဆွတ်ခူးခဲ့သူ ငါးဦးမှာ – ၁။ ဦးကျောက်လုံး၊ ၂။ ဦးအံ့ကျော်၊ ၃။ အောင်ခိုင်၊ ၄။ ဖိုးကျော်၊ ၅။ ကျော်သောင်းကြီး တို့ ဖြစ်ကြသည်။
ဒါရိုက်တာ ထွန်းလင်းကျော် (လူရွှင်တော် ပါနောက်)၏ ‘ လင်းဆွဲ ‘ ဇာတ်ကားရိုက်ကူးစဉ် လူကြမ်းသရုပ်ဆောင် အကယ် ဒမီ စိုးတင့်သည် ငမိုးရိပ်ချောင်းအတွင်းသို့ ဒိုင်ဗင်ထိုးချရာ၌ သေဆုံးသွားခဲ့သည်။
မင်းသားကြီး ရွှေဘ ပထမဆုံးပါဝင်သည့် ‘ သတ္တိ ဗျတ္တိ ‘ ဇာတ်ကားရိုက်ကူးစဉ် စော်ဘွားကြီးကုန်းထက်မှ ဆိုင်ကယ်ရော လူပါ ခုန်ချခဲ့ရာ မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ရွှေဘက အောက်သို့ရောက်သွားပြီး ဆိုင်ကယ်က ရွှေဘအပေါ်ကျကာ ရိုက်မိလိုက်၍ ခါးကျိုးသွားခဲ့သည်။
‘ အဘရေ ‘ ဇာတ်ကား၌ ဦးဘကလေးသည် လူပျော်ကြီး ဦးရွှေရိုးအဖြစ် ပုဆိုး ခါးတောင်းကျိုက်ပြီး ပုသိမ်ထီးဆောင်းကာ ခြေတဆတ်ဆတ် ကပြရာမှ ဦးရွှေရိုးအက စတင်ခဲ့ခြင်းဖြစ်သည်။
ကာတွန်းဆရာနှင့် ဟာသသရုပ်ဆောင် ဦးဘကလေးသည် ‘ မှိုင်းဝေဝေ ‘ ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာ ဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှနေ၍ ဘုန်းကြီးကျောင်းသားများ၏ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ များကို ကိုယ်တိုင် အသေးစိတ် သွားရောက်လေ့လာခဲ့သည်။
ဟာသသရုပ်ဆောင်၊ ကာတွန်းဆရာ ဦးဘကလေးသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည်။
မြန်မာ့ရုပ်ရှင်သမိုင်း၌ မိတ်ကပ်ဖြင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ကာ ပထမဆုံးသရုပ်ဆောင်ခဲ့သူမှာ ကာတွန်း ဦးဘကလေးဖြ စ်သည်။
မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားရိုက်ကူးရင်း မျက်လုံးထိခိုက်ခဲ့သော သရုပ်ဆောင်နှစ်ဦးမှာ မင်းသားကြီး ရွှေဘနှင့် မင်းသားကြီး ဌေးဝင်းတို့ ဖြစ်ကြသည်။ ( မှတ်ချက်။ ။ ရွှေဘသည် ‘ရွှေဓားဗိုလ်’ ဇာတ်ကားတွင် ကျော်ဇော၏ဓားချက်ဖြင့် မျက်လုံးတစ်ဖက် ဒဏ်ရာရခဲ့ပြီး ဌေးဝင်းကမူ ‘ ညီမအတွက် ပုံတစ်သွယ် ‘ ဇာတ်ကားတွင် ယမ်းစမှန်၍ မျက်လုံးတစ်ဖက် ထိခိုက်ခဲ့သည်။ )
ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေသည် ရုပ်ရှင်သရုပ်ဆောင်မဖြစ်မီက ကမာရွတ်-အင်းစိန်သို့ ပြေးဆွဲသော ဘတ်စ်ကား လိုင်းတွင် စပယ်ရာ(ယာဉ်နောက်လိုက်) လုပ်ခဲ့ဖူးသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝင်းဦး၏ ပထမဆုံးကလောင်အမည်မှာ ‘ ညိုမင်းလွင် ‘ ဖြစ်သည်။
ဂီတစာဆိုကြီး မြို့မငြိမ်းသည် ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မန္တလေး စိန်ပန်းသံလျက်မှော် အနောက်ပို င်း တမာရိပ်အနီးတွင် အုတ်သယ်ကားဘီးအောက် ဝင်းတိုး၍ ကွယ်လွန်ခဲ့သည်။
နာမည်ကြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား Dr. No တွင် သူနာပြုဆရာမလေးအဖြစ် သရုပ်ဆောင်ခဲ့သူမှာ ရန်ကုန်မြို့မှ စိန်ဂျွန်းကွန်ဗင့်ကျောင်းထွက် မြန်မာအမျိုးသမီး ‘ ဆေနာစိန် ‘ ဖြစ်သည်
ရုပ်ရှင်သရုပ်ဆောင် ကျော်သောင်းကြီး (ဖြေလျော့ခွေဇာတ်ကား) နှင့် ဇော်လင်း (တိုက်ပွဲခေါ်သံဇာတ်ကား) တို့သည် ကွယ်လွန်ပြီးကာမှ ရုပ်ရှင်အကယ်ဒမီ ရွှေစင်ရုပ်ဆုချီးမြှင့်ခြင်းခံရသူများ ဖြစ်ကြသည်။
‘ ဇနီး ‘ ၏အဓိပ္ပါယ်မှာ ခင်ပွန်းယောက်ျား၏ ‘ဇ’ နှင့် နီးစပ်အောင် ပေါင်းသင်းနိုင်သူ ဖြစ်သည်။
စာရေးဆရာ သိပ္ပံမောင်ဝ(ဦးစိန်တင်) သည် ၁၉၄၂ ခုနှစ်တွင် ကန့်ဘလူမြို့နယ်၊ ဝါးတောရွာ၌ ဓားပြများက လူမှားသတ် မိ၍ ကွယ်လွန်ခဲ့သည်။
စာရေးဆရာကြီး ပီမိုးနင်းသည် အသက် ၅၇ နှစ်အရွယ်တွင် စက်ဘီးတိုက်ခံရ၍ ၁၉၄၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
အချုပ်တန်း ဆရာဖေသည် ရှမ်းပြည်နယ်၌ ခေတ္တနေထိုင်စဉ် သင်္ကြန်အတွင်း ရေပက်ခံထွက်ရာမှ အအေးမိ အပြင်းဖျား ကာ သူငယ်ချင်းဖြစ်သူ ဦးထွန်းဝ၏လက်ပေါ်တွင် အသက်ပျောက်ခဲ့သည်။
စာရေးဆရာ မင်းဆွေသည် ၁၉၄၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆေးလိပ်သွားဝယ်ဦးမည်ဟုဆိုကာ နေအိမ်မှ ထွက် သွားခဲ့ရာ ယနေ့တိုင် သေသည် ရှင်သည်မသိ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။
စာရေးဆရာ မောင်သိန်းဆိုင်သည် ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Excel Tower အဆောက်အဦတွင် ပြုလုပ်သော ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲအခမ်းအနား၌ စကားပြောကြားရင်း ရုတ်တရက် မူးမေ့ လဲကျ ကွယ်လွန်သွားခဲ့သည်။
မင်္ဂလာပါ ဟူသော နှုတ်ခွန်းဆက်စကားကို တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်မှ ဦးထွန်းဖေ ဖြစ်သည်။ ‘ ကုလသမဂ္ဂ ‘ ဟူသော ပါဠိအမည်ဖြင့် မှည့်ခေါ်သော ဝေါဟာရအား သူရိယသတင်းစာတွင် ပထမဆုံးအကြိမ် သုံးစွဲခဲ့သည်။
သတင်းထောက် ဟူသော ဝေါဟာရအား သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိုင်က ၁၉၃၀ ပြည့်နှစ် ဝန်းကျင်ခန့်က တီထွင်ခဲ့ခြင်းဖြစ်ပြီး ‘ သတင်းထောက် ‘ ဟူသော ဝေါဟာရ မပေါ်မီက သတင်းစာကိုယ်စားလှယ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။
‘ မိုင်ဒါ ‘ ကွင်း(ယနေ့အခေါ် မြို့မကွင်း) သည် အိန္ဒိယဝေါဟာရ ‘ မိုင်ဒန်း ‘ maidan မှ ဆင်းသက်လာပြီး ‘ ကွင်းပြင် ကျယ် ‘ (သို့) ‘ စစ်ရေးပြကွင်း ‘ ဟု အဓိပ္ပါယ်ရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ သီးသန့်ပိုင်ဆိုင်သောမြစ်မှာ ဧရာဝတီမြစ်ဖြစ်ပြီး ‘ မိခင်မြစ် ‘ ဟု တင်စားခေါ်ေ ဝ်ါကြ သည်။
ဘူမိဗေဒပညာရှင်များ၏အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တမ်း နှစ်ပေါင်း ၁၅ သန်းရှိပြီး ‘ ဧရာဝတီ ‘ ဟူသော အမည်ဖြင့် ကျော်ကြားခဲ့သည်ကပင် နှစ်ပေါင်း ၁၆၀၀ ကျော်ပြီဖြစ်သည်။
မြန်မာက သတ်မှတ်သော ‘ ပင်လယ်ရေမျက်နှာပြင် ‘ (sea level) မှာ ကျိုက္ခမီတွင် ‘ သုည ‘ ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ ယှဉ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဩစတြေးလျ၏ ငါးပုံတစ်ပုံ၊ အမေရိကား၏ သုံးဆယ်ပုံတစ်ပုံသာ ရှိသည်။ ဓာတုကလျာသည် နတ် သျှင်နောင်ထက် အသက် ၁၀ နှစ်ကျော် ကြီးသည်။
အထက်ဖော်ပြပါ ၃၂ ချက်ကို ဖတ်ရှုမိရုံနဲ့ ဒီစာအုပ်ရဲ့အကြောင်းကို ကောင်းကောင်းရိပ်မိကြမှာပါ။ ဆရာ မိုးမြင့်မောင်ရဲ့ ၁၃ အုပ်မြောက် လုံးချင်းစာအုပ်ဖြစ်တယ်။ ဘာသာရေး၊ သမိုင်း၊ အနုပညာ၊ စာပေ၊ နိုင်ငံရေး၊ အားကစား၊ အထွေထွေဆို ပြီး ကဏ္ဍတွေကို ခွဲခြားပြုစု ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ ထွက်ရှိခဲ့တာပါ။ တန်ဖိုးကတော့ ၂၅၀၀ ကျပ် ဖြစ်ပါတယ်။
Credit – Kanaung News
Source : goo.gl/zQtHxh

No comments