Header Ads

Sponsor

တော်တော်ရီး ကြမ်းတဲ့ သူခိုးပဲ ကြောက်စရာကောင်းလိုက်တာ




၃၀.၆.၂၀၁၇) ရက်နေ့ (၀၁၁၀) ချိန်ခန့် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက် ၊ သစ္စာလမ်းရှိ ကိုအောင် + မနီ နေအိမ်၌ အသက် (၃၀) နှစ်ခန့်ရှိ သူခိုးတစ်ဦးအား လုံးထွေးဖမ်းမိထားသည်။
သူခိုးမှ မှန်တံခါးမအား ဦးခေါင်းဖြင့်တိုက်ခွဲ၍ မှန်ကွဲစ,ကို ကိုင်ဆောင်ကာ အိမ်ရှင် ကိုအောင် အား လိုက်ထိုးရာ ကိုအော င် ၏ ယာလက်မောင်း၌ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပါသည်။



သူခိုးမှထွက်ပြေးသည်ကို မိသားစုဝင်များမှလိုက်ဖမ်းရာ နေအိမ်နှင့် ငါးကန် (ကျုံး) ချောက်အား ခုန်ကူးဟန် ပြင်နေချိန် ခွေးစာချကျွေးထားသည့်ထမင်းပုံအား တက်နင်းမိကာ ဟန်ချက်ပျက်၍ ချောလှဲပြီး
အုတ်စည်းရိုးနှင့်ဦးခေါင်းတိုက်မိခဲ့သည်။
ပေါက်ပြဲကွဲ ဒဏ်ရာ (စိုးရိမ်းရ) ရရှိပြီး၊ မေ့လဲသွားရာ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်ငြိမ် ဦးဆောင်သောအ ဖွဲ့နှင့်နယ်မြေရဲအဖွဲ့တို့မှ သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပြီး ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Credit-Maung Maung Nyunt
9:45am
30.6.2017

No comments