Header Ads

Sponsor

ကားတိုက်မှု့တွင် ပါဝင်ကူညီခဲ့ကြတဲ့ ဆေးဝန်ထမ်း ၂၄ဦးမှာ HIV ပိုးကူးဆက်ခံရမှု့စိုးရိမ်ရ


ကားတိုက်မှုတွင် ကူညီခဲ့ကြသည့် ဆေးဝန်ထမ်းများနှင့် ပြည်သူများအား HIV ရောဂါပိုးကူးဆက်နိုင်သည့် အခြေအနေကြောင့် အရေးပေါ် ဆေးစစ်နေရ ဟုသိရသည်။
လူလေးဦး သေဆုံးခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံ Kon Tum ပြည်နယ် တွင်းက အဝေးပြေးလမ်းမ ကားတိုက်မှုမှာ ပါဝင်ကူညီ ခဲ့ကြတဲ့ ဆေးဝန်ထမ်း ၂၄ဦးနဲ့ ဒေသခံ ပြည်သူတွေကို HIV ပိုးကူးဆက်ခံရမှု ရှိမရှိ အရေးပေါ် ဆေးစစ်မှုတွေ ပြုလုပ်နေရကြောင်း tuoitrenews သတင်းမှာဖေါ်ပြထားပါတယ်။

သောကြာနေ့ ကဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုအတွင်း သေဆုံးသွားသူတွေ မှာ HIV ပိုးတွေ့ ခဲ့ပြီး သွေးတွေနဲ့  လူနာကို တိုက်ရိုက် ကိုင်တွယ် ကုသ ပေးခဲ့ကြသူတွေအတွက် HIV ပိုး ကူးဆက်သွားနိုင်တာကြောင့် ဒေသဆိုင် ရာအာဏာပိုင်တွေက ခုလို အရေးပေါ်ဆေးစစ်ခဲ့ရတာလို့ ဆိုပါတယ်။
ကျန်ဒဏ်ရာရတဲ့လူနာတွေအတွက်လည်း သေဆုံးသွားတဲ့ HIV ရောဂါရှင် ရဲ့  သွေးတွေ ထိမိကိုင်မိခဲ့တာကြောင့် ရောဂါပိုးကူးဆက်မှာ စိုးရိမ်နေကြ ပါတယ်။
SAW
Social Action for Children and Women – SAW

No comments