Header Ads

Sponsor

လက်ဝှေ့ပွဲကြည့်ရင်း သေဆုံးသွားသူနေအိမ် အောင်လအန်ဆန်းသွားရောက်အားပေး (ရုပ်သံ)





ဂုဏ်ယူလေးစားပါသည်အစ်ကို မြန်မာပြည်သူများကိုယ်စား အဝေးရောက်မြန်မာတိုင်းရင်းသားများကိုယ်စား ဂုဏ်ပြုအပ်ပါ သည်ခင်ဗျာ။ စိတ်ထား ဖြူစင်၍ ကျေးဇူးတင်ပါသည်အစ်ကို။
လက်ဝှေ့ပွဲကြည့်ရင်း သေဆုံးသွားသော ဦးလေး ကောင်းရာသုဂတိလားပါစေ။ ကမ္ဘာ့ ချန်ပီယံ ဆုကြီးကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။]

မနေ့ညက အောင်လအန်ဆန်းပွဲကြည့်ရင်း ရုတ်တရက်ကွယ်လွန်သွားတဲ့ ရန်ကင်းမြို့နယ်က ဦးခင်မောင်ဝင်း နေအိမ်ကို အောင်လအန်ဆန်းနဲ့အဖွဲ့သွားရောက်ပြီး အလှူငွေပေးကာ နှစ်သိမ့်အားပေးခဲ့ကြပါတယ်။
မနေ့ည၁၀နာရီအချိန်ခန့်ကယှဉ်ပြိုင်တဲ့ အောင်လအန်ဆန်းနဲ့ဘစ်တာလီတို့ရဲ့ လက်ဝှေ့ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှု့ အားပေးနေရင်း ၆၅နှစ်အရွယ်ရှိ ဦးခင်မောင်ဝင်းဟာ ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် ကံဘဲဘူတာရုံလမ်းရှိ လက်ဘက်ရည် ဆိုင်မှာ လက်ဝှေ့ပွဲကြည့်ရင်း ရုတ်တရက် သေဆုံးသွားတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ သေဆုံးသူ ဦးခင်မောင်ဝင်းဟာ လက်ဝှေ့ပွဲအားပေး ကြည့်ရှုနေရင်း လဲကျသေဆုံး ခဲ့ခြင်းဖြစ်ပြီး သူဟာနှလုံးရောဂါရှိသူတစ်ဦးဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါ တ ယ်။
လူသေဆုံးမှုနဲ့ပတ်သက်ပြီး ရန်ကင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၇)နဲ့ရေးဖွင့်ပြီး စစ်ဆေးဆောင် ရွက်လျက်ရှိပါတယ်။
<iframe width="696" height="392" src="https://www.youtube.com/embed/t_yqHPlNdwk" frameborder="0" allowfullscreen></iframe>
Video – Zay Thiha/Facebook
လေးစားသောအားဖြင့်
 ကျွန်တော်မောင်ဇော်ဇော်
မန္တလေးစာကြည့်တိုက်
 ဇော်ဇော် ၀၉၂၅၆၁၁၆၇၂၇-

No comments