လျို့ဝှက်စောင့်ကြည့်ကင်မရာတွေ ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ
ဘယ်သူမှ မိမိကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်နှောင့်ယှက်တာမျိုး ကြိက်မှာမဟုတ်ပါဘူး။ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေ တပ်ဆင်ရခြင်းရဲ့ နောက်ကွယ်က ကောင်းမွန်တဲ့ အကြောင်းအရင်းတွေ ရှိနေနိုင်ပေမယ့် သီးသန့်လွတ်လပ်စွာနေလိုတဲ့ နေရာမျိုးတွေမှာ တပ်ဆင်ထားတယ်ဆိုရင်တော့ ဒါဟာ တခြားသောလူတွေအတွက် နစ်နာမှုများစွာ ဖြစ်စေနိုင်ပါတယ် ။
ဒါကြောင့် ကိုယ်ရေးကိုယ်တာကိစ္စ ထိပါးခံရတာထက် လျို့ဝှက်စောင့်ကြည့်ကင်မရာတွေ ရှာဖွေဖော်ထုတ်တတ်တဲ့ ဗဟုသုတလေး ရှိထားတာ ပိုအဆင်ပြေပါလိမ့်မယ်။
၁။ App သုံးပါ
Apple နဲ့ Android ဖုန်းတွေအတွက် လျို့ဝှက်စွာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာတွေ ရှာဖွေဖော်ထုတ်နိုင်တဲ့ app များစွာ ရှိပါတယ်။
၂။ မိုဘိုင်းဖုန်းလိုင်း စစ်ဆေးပါ
လုံခြုံရေးကင်မရာတွေဟာ မိုဘိုင်းလ်ဖုန်း service ပြတ်တောက်စေနိုင်တဲ့ frequency ထုတ်ပေးလေ့ရှိပါတယ်။ တကယ်လို့ ဧရိယာတစ်ခုခု သို့မဟုတ် အခန်းတစ်ခုခုမှာ ဘယ်ဖုန်းလိုင်းမှ မရဘူး ၊ ဒါပေမယ့် ဘာလုံခြုံရေးကင်မရာမှလည်း မတွေ့ရဘူးဆိုရင် မိမိအနီးမှာ လျို့ဝှက်စွာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေ ရှိနေတာ ဖြစ်နိုင်ပါတယ်။
၃။ မှိတ်တုတ်မှိတ်မီးရောင်တွေ လိုက်ရှာပါ
လုံခြုံရေးကင်မရာတွေမှာ အနီရောင် သို့မဟုတ် အစိမ်းရောင်ရှိ အချက်ပြမီးတွေ တပ်ဆင်ထားလေ့ရှိပါတယ်။ လျို့ဝှက်ထားတဲ့ ပေကလတ် ပေကလတ် မီးရောင်းလေးတွေ လိုက်ရှာပါ။ ကင်မရာရဲ့ အချက်ပြမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ မိမိအနီးနားရှိ မီးတွေ အကုန်မှိတ်လိုက်ပါက ရှာရတာ ပိုလွယ်ပါလိမ့်မယ်။ မီးစိမ်း သို့မဟုတ် မီးနီ မှိတ်ချည် လင်းချည်ဖြစ်တာ တွေ့ပါက ကင်မရာဆီက ဖြစ်နိုင်ပါတယ်။
Ref: Ideadigezt
Credit to Trend
Post a Comment