မူလတန်းကျောင်းသူနှစ်ဦးကို ကျောင်းသားနှစ်ဦးက အဓ္ဓမပြုကျင်းမှုဖြစ်ပွား
မူလတန်းကျောင်းသူနှစ်ဦးကို အလယ်တန်းနှင့်အထက်တန်းကျောင်းသားတို့က အဓ္ဓမပြုကျင်းမှု ဖြစ်ပွားခဲ့သည် ။ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်အတွင်း နေထိုင်သည့် ပထမတန်း ကျောင်းသူတစ်ဦးနှင့် ဒုတိယတန်း ကျောင်းသူ တစ်ဦးတို့ကို အိမ်ချင်းကပ်နေထိုင်သည့် သတ္တမတန်း ကျောင်းသားတစ်ဦးနှင့် တစ်ရပ်ကွက်တည်း နေထိုင်သည့် နဝမတ န်း ကျောင်းသားတစ်ဦးတို့က ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အဓမ္မပြုကျင့်ခဲ့ကြောင်း အောင်ပင်လယ် နယ်မြေရဲစခန်း ထံမှ သိရသည်။ ထွန်တုံးရပ်ကွက် ပန်းရန်တော်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သည့် အိမ်တစ်လုံးမှ ပထမတန်းကျောင်းသူနှင့် ဒုတိယ တန်းကျောင်းသူ ညီအစ်မနှစ်ဦး ဘေးချင်းကပ်နေအိမ်မှ ထွက်လာသည်ကို ဆွေမျိုးတော်စပ်သူတစ်ဦးက တွေ့ရှိခဲ့ပြီး မိခ င်ဖြစ်သူက မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရသည်ကို သိရှိခဲ့ပြီး တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။ “ဒီကလေးနှစ်ယောက်ကို ၁၂ နှစ် အရွယ် ခုနစ်တန်းကျောင်းသားနဲ့ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားက အဓမ္မပြုကျ င့်ခဲ့တာ” ဟု အောင်ပင်လယ် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပထမတန်းကျောင်းသူက နှစ်ကြိမ်၊ ဒုတိယတန်းကျောင်းသူက တစ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အဆိုပါ ကလေးများ၏ မိသားစုထံမှ သိရသည်။ အဓမ္မပြုကျင့်ခဲ့သည့် အသက် ၁၂ နှစ်အရွယ် ခုနစ်တန်းကျောင်းသားနှင့် အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်း သား တို့ကို မိဘများနှင့်အတူ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး အောင်ပင်လယ် နယ်မြေရဲစခန်းက (ပ)၂၁၇/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : The Voice
Post a Comment