အသည်းကင်ဆာဆဲလ် ခံစားနေရတဲ့ ဝေဒနာတွေအတွက် အံ့သြဖွယ်ရာ
အသည်းကင်ဆာဆဲလ် ခံစားနေရတဲ့ ဝေဒနာတွေအတွက်အထောက်အကူဖြစ်မယ့် ။ ကျမတို့ကိုယ်တွေ့ ကုသန ည်းအရှ င်းပျောက်ကင်း လေးပြောပြချင်လို့ပါရှင့် ကျမတို့က မုံရွာမြို့ကပါ အစကတော့ အမျိုးသားက ချိုင်းနံရိုးအောက်က အောင့် တယ်အောင့်တယ်နဲ့ပြောပါတယ် ။ ကျမတို့ကလည်း သတိမမူမိခဲ့ကြပါဘူ ရိုးရိုး လေထိုးလေအောင့်လောက်ဘဲထင်ထားခဲ့ကြလို့ ဆေးမီးတိုတွေနဲ့ကု သခဲ့ ကြပါတယ် ။ နှစ်လလောက်ကြာတဲ့အခါမှာ အမျိုးသားက ညဘက်တွေပါအိပ်မရအောင် အောင့်လာခဲ့ပါတယ် ။
ဒါနဲ့ ကျမတို့လည်း ညတွင်းချင်း မန္တလေး ကိုဆင်းခဲ့ကြပါတယ် ။ မန္တလေး ရောက်တော့ မြို့တော် ဆေးရုံမှာ MRI ရိုက်ကြည့်ခဲ့ပါတယ် ။ ရက်စွဲက ၂၇ ရက် ၁၁လ ၂၀၁၆ ပါရှင့် အဖြေ ထွက်လာတဲ့အခါမှာ ကျမအမျိုးသားရဲ့ရောဂါဟာ အသည်း ကင်ဆာလို ပုံစံမျိုးနဲ့ အသည်း တခြမ်းလောက် အနာတွေဖြစ်နေခဲ့ပါတယ် ။ ကင်ဆာဆဲလိ ကလည်း ၁၅၇၀၀ ကျော်ပါရှင့် ဆရာဝန်ကတော့ သုံးလဘဲခံမယ်လို့ပြောလာခဲ့ပီး ချက်ချင်းဆေးရုံ တက်ခိုင်းပါတယ် ဆေးရုံတက်ဖို့ဆေးလက်မှတ်တွေကအစ ထုတ်ပေးခဲ့ပါတယ်ရှင့် ကျမတို့လည်း အစကတော့ တွေဝေနေခဲ့ကြပါတယ် ။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး နောက်ရက်မှာ ကျမတို့ ဆွေမျိုးနီးပါး အသိမိတ်ဆွေ တယောက်နဲ့တိုင်ပင်ကြ ည့်ခဲ့ကြပါတယ် ။ သူကတော့အေးဆေးဘဲပေါ့နော် စိတ်မပူပါနဲ့တဲ့ ဘန်ကောက်ကို သွားဖို့လမ်းညွှန်ပါတယ်။
ဒါနဲ့ကျမဆို့လည်းအချိန်ဆွဲမနေဘဲ လေယာဉ်လက်မှတ်တွေ အမရဲ့အစီအစဉ်နဲ့ပေါ့နော် သွားဖို့ဆုံးဖြတ်ချက်ချလိုက် ပါ တယ် ။ ကျမတို့ဘန်ကောက် Bumrungard ဆေးရုံမှာ ၁ရက် ၁၂ လပိုင်း ၂၀၁၆ မှာ ပထမဆုံးရက်ချိန်းနဲ့ပြခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဖြေကတော့ မန္တလေးကအဖြေနဲ့အတူတူပါဘဲရှင့် အသည်းတခြမ်းအနာဖြစ်ပီး ကင်ဆာလိုပုံစံဖြစ် တာ ပါရှင့် ဆရာဝန်ကတော့ ကုနိုင်မယ့်ဖြစ်နိုင်ခြေနညိးလမ်းတွေအားလုံးပြောပါတယ် ။ အသည်းတခြမ်းခွဲထုတ်နည်း အစားထိုးနည်း ဆေးဖြန်းနည်း စသည်ဖြင့်ပေါ့နော် ခွဲထုတ်ဖို့ဆိုလည်း အသည်းရဲ့ သုံပုံနှစ် ပုံလောက်က အနာတွေနဲ့ဖြစ်နေပါပီ ကျမတို့လည်း ဆရာဝန်နဲ့အကောင်းဆုံးတိုင်ပင်ပီး အဲ့နေ့မှာဘဲ အသည်းတစ်ခုလုံးကို ဆေးဖြန်းလိုက်ပါတယ် ။ နောက်ရက်ချိန်းက ၆ရက် ၂လပိုင်း ၂၀၁၇ ပါရှင် ကျမတို့ မြန်မာပြည်ပြန်ရောက်တော့ ဆွေမျိုးအကုန် အသိမိတ်ဆွေတွေ ကလည်း အသည်းနဲ့ပတ်သက်တဲ့ ကောင်းနိုးရာရာဆေးတွေညွန်ကြပါတယ် ။ သူတို့ လမ်းညွှန်မှုနဲ့ဘဲ မြန်မာဆေးတွေကိုေ န့စဉ် ပုံမှန် အချိန်အပိုင်းအခြားလေးနဲ့ မှီဝှဲခိုင်းပါတယ် ။
ဆေးရုံကပေးတဲ့ဆေးတွေကိုလည်း ပုံမှန်စားတာပေါ့နော် ဆေးအညွန်းကတော့အောက်ပါအတိုင်းပါရှင့် မနက်ဘုရားမရှိခိုး မှီ ကညွတ် အစိမ်းလိုက်အရည်ထွက်အောင် ကြိတ်စက်နဲ့ ကြိတ်ပီးအရည်သောက်။ နေ့လည့်ထမင်းစားပီး ခါကြက်ဥအနီ နဲ့ပန်းသီးစိမ်းကိုရောကြိတ် ဒါလည်းအရည်ပါရှင့် ညနေစာစားပီး သင်္ဘောရွက် အဖိုကိုလည်း အရည်ကြိတ်သောက် ဖော်ပြ ထားတဲ့ဆေးတွေကို ရိုးရိုးဖန်ခွက်အနေတော် နဲ့ တခွက်စာလောက် နေ့စဉ်အချိန်နဲ့သောက်ခိုင်းပါတယ်ရှင့်
ကျမတို့ဒုတိယအကြိမ် ဆေးသွားပြတော့ ၆ ရက် ၂ လပိုင်း ၂၀၁၇ ပါရှင် အဲ့ခါမှာ ရောဂါရဲ့ ၅ပုံပုံ ၄ပုံလောက်လျော့ သွားခဲ့ပါတယ် ။ ဆဲလ်က ၃၀၀၀ ကျော်ဘဲကျန်ပါတော့တယ် ဆရာဝန်တောင်မှ အံသြသွားပါတယ်ရှင် ။ တတိအကြိမ် ၁၇ ရက် ၄လပိုင်း ၂၀၁၇ ရက်ချိန်းနဲ့ ဆေးလာစစ်တဲ့အခါမှာ ရောဂါအားလုံးပျောက်ကင်းသွားပါပီရှင့် ကြားထဲမှာလည်း အပေါ်မှာပြောခဲ့တဲ့ဆေးအတိုင်းဘဲစွဲသောက်ခဲ့တာပါ ဆဲလ်တွေလည်းမရှိတော့ပါဘူးရှင့် အောက် မှာလည်း ဆေးပြပုံအဆင့်ဆင့်ကို ပုံလေးနဲ့ဖော်ပြပေးလိုက်ပါတယ်ရှင့် အခုဆိုရင် မိသားစု အပေါင်းအသင်း ဆွေမျိုးသားခြင်းတို့ရဲ့ နွေးထွေးဂရုစိုက်မှုနဲ့အတူ ကျန်းကျန်းမာမာဖြင့် ဘဝအားေ ရှ့ဆက်နိုင်ခဲ့ပါပီရှင့် ခုလိုကျမတို့ကို ဆွေမျိုးပမာ ဆေးကုသရန်အချိန်မှီအောင်အစစအရာရာ ကူညီမှုတွေအများကြီးေ ပးခဲ့တဲ့ မငြိမ်းတို့မိသားစုကိုလည်း အတိုင်းထက်အလွန် ကျေးဇူးများကြီးတင်ပါတယ်ရှင် ဘန်ကောက်မှာရှိနေစဉ် တလျှောက်လုံး အစအဆုံ အစစအရာရာ ကူညီဖေးမပေးခဲ့တဲ့ ဆရာတော် ဦးစာရိန္ဒ ကိုလည်း အထူပင်ကျေးဇူးတင်ပါတယ်ဖုရာ့ ဘန်ကောက်ဆးရုံမှာ ဆေးမရတဲ့အခြေအနေတွေမှာ မြန်မာပြည်အထိ လေယာဉ်နဲ့တ ကူးတက ဆေးတွေယူလာပေးတဲ့ မောင်ကျော်ကျော် ကိုလည်းအထူကျေးဇူးတင်ပါတယ် သတ္တဝါများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင့် သိရှိလိုသည်များကိုလည်း ကာယ ကံများထံကိုယ်တိုင်မေးမြန်းနိုင်းပါတယ်ရှင် ၀၉-၂၁၃၃၂၅၅ ဆုံအောင်ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင် များများ share ခြင်းဖြင့် ရောဂါတူ ဝေဒနာရှင်များကို ကူညီကြပါရှင့် (မှတ်ချက် မုံရွာသူမုံရွာသားတွေ၏ အသုံးအနူန်းခါကြက်ဥ ဆိုတာ မုံလာဥနီ /carrot ဖြစ်ပါတယ် ။ သင်္ဘောပင်မှာအမပင်ကအသီးသီးပါတယ် အဖိုပင်ကအသီးမသီးပါ မမှားအောင်ပုံများနှင့်တင်ပါတယ်၊ ပန်းသီးစိမ်း ပုံမှာပြထား သည့်အသီးသည် အချဉ်ကဲလွန်တဲ့အသီးပါ မချို ပါ။)
Source : goo.gl/12P5yx
Post a Comment