နာရေးရှင်မိသားစုသိရှိစေရန် ထပ်ဆင့်မျှဝေ ကူညီပေးပါရန်
တောင်ကြီးမြို့၊ တောင်လေးလုံးအကျဉ်းဦးစီးတွင် ပြစ်ဒဏ်ကျခံနေစဉ် နေမကောင်းဖြစ်၍ တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံ ၌ ဆေးကုသမှုခံယူနေသော {ယခင်နေရပ် – တာချီလိတ်မြို့၊ ဟောင်းရွယ်စတုံးကျေးရွာ၊ မိုင်းဆတ်လမ်း၊ အမှတ်(၆၃)ေ န} စောအယ်ထူး (အဘ)ဦးစောရှား အသက်(၃၀)နှစ် (ဓါတ်ပုံပါပုဂ္ဂိုလ်)သည် (၂၄.၆.၂၀၁၇)ရက်နေ့တွင် တောင်ကြီး မြို့ စစ်စံထွန်းဆေးရုံ၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ခံယူသွားပါသဖြင့် တောင်ကြီးမြို့ မြတ်မေတ္တာနာရေး ကူညီမှုအ ဖွဲ့မှ ယနေ့ (၂၅.၆.၂၀၁၇)ရက်နေ့တွင် နာရေးသဂြိုလ်မှုကိစ္စများအတွက် လိုအပ်သည်များသွားရောက်ဆောင်ရွက်ခဲ့ပြီး ယနေ့(၂၅.၆.၂၀၁၇)ရက် တနင်္ဂနွေနေ့ ဇုဟိုရ်နမားဇ်အပြီး၌ တောင်ကြီးမြို့တို်င်းရင်းသားပေါင်းစုံ စွန္နီမွတ်စလင် မ်သုဿ န်၌ ဂျနာဇာဝတ်ပြုဆုတောင်း၍ ဒဖွာနာမှုပြုခဲ့ပြီးဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ခံယူ ကွယ်လွန်သွားသော စောအယ်ထူး (အဘ) ဦးစောရှား အသက်(၃၀)နှစ်၏ မိသားစုဝင်များအား ဆက်သွယ်၍မလွယ်ကူပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေများမှ တဆင့် ထပ်ဆင့်မျှဝေပေးနိုင်ပါရန် လေးစားစွာ အသိပေး အကူညီတောင်းခံအပ်ပါသည်။
*** နာရေးရှင်မိသားစုဝင်များ ၊ နာရေးကိစ္စရပ်အား ပိုမိုသိရှိလိုသူများအနေဖြင့် မြတ်မေတ္တာနာရေးကူညီမှု အဖွဲ့ (09-43158799 / 09-787894786) ထံသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ ***
ကွယ်လွန်သူ၏ နာရေးကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးပါသော တောင်လေးလုံး အကျဉ်းဦးစီးဌာနမှ တာဝန်ရှိလူကြီး မ င်းများ၊ တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံမှ ဆရာဝန်ကြီးများနှင့် တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများ မှ တာဝန်ရှိလူကြီးမင်းများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
(တောင်ကြီးမွတ်စလင်မ်မိသားစု သာရေး/နာရေးသတင်းဝိုင်းတော်သားများ)
Source : goo.gl/RMGNK8
Source : goo.gl/RMGNK8
Post a Comment