ဗိမာန်ရှင်ရဲ့ စတုတ္ထ အောင်ပွဲ
ပဲခူးရိုးမတောင်ခြေ ဇောင်းတူရွာလေး မှာ …. ဖခင် ဦးမျိုးလွင် နှင့် မိခင် ဒေါ်မာမာဝေ တို့က တောတက် ထင်းခုတ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြစ်သန်းကြရင်း သားသမီး ၂ ဦး ထွန်းကား ခဲ့ပါတယ်။
သူတို့ရဲ့ သမီးကြီး မမျိုးသီရိဝေ ဟာ ထက်မြက် ထူးချွန်သူ ဖြစ်တာမို့ ကလေးရဲ့ ဆရာမ မှ တဆင့် ပဲခူး ပညာတံခွန် ကို ယ်ပိုင် အထက်တန်းကျောင်း မှ ပညာဒါနပြုကာ တက္ကသိုလ် ဝင်တန်း ကို ၄ဘာသာ ဂုဏ်ထူး၊ ရမှတ် (၅၀၈) မှတ် နဲ့ အောင်မြင်ခဲ့ပါပြီ။
သမီး မမျိုးသီရိဝေ ဟာ ဝါသနာပါရာ ဆေးတက္ကသိုလ်တက်ဖို့ လျှောက်ချင်ပေမယ့် ဘဝပေး အခြေအနေအရ ကျောင်း စရိတ် အခက်အခဲတွေကို တွေးရင်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချိန်မှာ ….
ကလေး၏ ဆရာမများ၊ ရွာ မှ အသိမိတ်ဆွေများ မှ ပဲခူးမြို့ ဗိမာန်ရှင် ပညာရေး ကွန်ယက်သို့ ချိတ်ဆက် အကူအညီေ တာင်းလာ ကြပါတယ်။
ထိုအချိန်မှာ ရန်ကုန်မြို့ IMPACT Co. Ltd. မိသားစု မှ ပညာဒါန ပြုလို၍ ကမ်းလှမ်းလာချိန် နှင့် တိုက်ဆိုင်ခဲ့ရာ …. ကလေး နှင့် မိသားစု အချက်အလက်များ ကို ဗိမာန်ရှင် မှ တာဝန်ယူ ပေးပို့ခဲ့ပါတယ်။
ယနေ့ နေ့လည်တွင် ရန်ကုန်မြို့ IMPACT Co. Ltd. မိသားစု မှ သမီး မမျိုးသီရိဝေ ကို ဆေးတက္ကသိုလ် ပြီးဆုံးသည် အထိ လစဉ် ပညာသင်ထောက်ပံ့မည့် အကြောင်း …. အကြောင်းကြာလာပါ၍ …. ဗိမာန်ရှင် နှင့် မိတ်ဆွေအပေါင်း ဝမ်းသာပီတိ ဖြစ်ရပါကြောင်း …
ဗိမာန်ရှင်အသင်း(ပဲခူးမြို့)
Post a Comment