Header Ads

Sponsor

မှော်နယ်မြေနှင့် ရေမဆေး


သေနတ်နဲ့ ပစ်ခံရပြီဆိုရင် ကိုင်သူက စစ်တပ်ကဖြစ်ဖြစ် ရဲဖက်က ဖြစ်ဖြစ် အပစ်ခံရသူက ပြစ်မှုတစ်ခုခုကို ချိုးဖောက် တယ်လို့ အရင် မှတ်ယူရမည် ။
အရင်က ခန္တီးနယ် မကျန်ခ/နောင်စီဘွန်မှာလည်း ဖြစ်ခဲ့ဘူးသလို အခုလည်း မနေ့ည ညနေပိုင်းမှာ လုံးခင်းအုပ်စု ဆန်ခါ ရွာဖက်က ကုမ္ပဏီတစ်ခုမှာ ဖြစ်ခဲ့ပြန်တယ် ။ ဖြစ်လိုက်တဲ့ ပြဿာနာက သတ်မှတ်ချိန်မဟုတ်ပဲ လုပ်ကွက်ထဲကို အတ င်းဝင်ရောက်ဖို့ ကြိုးစားမိလို့… တာဝန်ကျ ရဲသားက တားပေမဲ့ မနာခံ အကြမ်းဖက် ဖို့ လုပ်တော့ လန့်လို့ သေစေလို တဲ့ စိတ်မပါပဲ ပစ်မိတယ်လို့ ထင်မိပါတယ် ။
ရေမဆေးသမား မှော်နယ်မြေမှာ သူတို့တွေ တစ်ခါ’တစ်ခါ ဘယ်လောက်တောင်မှ ဆိုးဝါးနေတယ် ဆိုတာ လက်တွေ့မှာ မတွေ့ဖူးရင် မယုံနိုင်ဘူး ။


တစ်ခုခု ဖြစ်လိုက်တိုင်း တရာခံ ရှာမရပါဘူး ။ ၂လပိုင်းလောက်က မီးတိုက်ရှို့ခံရဘူးတဲ့ ကုမ္ပဏီဆိုရင်လည်း ခုထိ တရား ခံကို မတွေ့ရပါဘူး ။ မရေမသွက်နိုင်တဲ့ လူအင်အားရှိတာကြောင့် တစ်ခုခုဆို သူတို့ကို ကြောက်နေရတာမို့ ကုမ္ပဏီတွေ တိုင်းကလည်း စစ်သား/ရဲများ တို့ကို လုပ်ကွက်တွင်းမှာ စောင့်ဖို့ အကူအညီယူလို့ ( အခပေး ခေါ် ) ထားရပါတယ် ။
ပြီးတော့ လုပ်ကွက်တစ်ခုဟာ နာမည်ကြီးလာရင် အမြဲရှာနေတဲ့ ရေမဆေးတွေပါမက တစ်ခြားမှော်ဖက်က ရေမဆေးေ တွပါ လာလို့ရှာရပါတယ် ။ ဒီတော့ လူအင်အားက အရမ်းကောင်းတာမို့ တစ်ခုခုဆို ဆွမ်းကြီးပဲ !
စိန်တူဆိုတာ ဘရိတ်မရှိတာမို့ သေနတ်တာ ကိုင်ထားပေမဲ့ အစောင့်တွေကလည်း သူ့တို့ကို လန့်ရတယ် ။ ကြောက်က န်ကန်နဲ့ ပစ်မိတယ်လို့ ယူဆမိပါတယ် ။ဘာကြောင့်ဆို အောက်ကစာက ( မန့်တစ်ခု ) သေဆုံးတဲ့ ရေမဆေးသမားရဲ့ အကို ကိုယ်တိုင်တောင်မှ ရဲသားကို လုံးဝရန်မရှာဖို့ ကာကွယ်လို့ ကျန်သူများကို တောင်းပန်တယ်တဲ့ ။
(( ၂၅-၆-၂၀၁၇ ရေမဆေးသမား သေဆုံးသူ၏ အကိုဖြစ်သူမှာ သူ၏ ညီဖြစ်သူကို ပစ်လိုက်မိသောရဲသားကိုလုံးဝရန် မရှာဖို့ကို ရဲကိုကာထားပြီး တောင်းပန်ရှာတယ်လို့တွေ့ မြင်ခဲ့သူတစ်ဦး ကပြောပါတယ်။

No comments