Header Ads

Sponsor

အဓမ္မပြုကျင့်ခံရပြီး ဝစ်လစ်စလစ်ဖြင့် သေဆုံးခဲ့ရသည့် သနားစဖွယ် စားပွဲထိုးမိန်းကလေး


ထိုင်းနိုင်ငံမှ စားပွဲထိုးမိန်းကလေးတဦးဟာ ငှားထားတဲ့ အခန်းတခုထဲမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ဝစ်လစ်စလစ်အနေအ ထားနဲ့ ကြိုးတုပ်လျက်သား သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ သူ့ရဲ့ ချစ်သူအ မျိုးသားကို ရဲတွေက ရှာဖွေနေကြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆီရိပရာဖာ ကိုဆင် အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ဟွာဟင်းဒေသက ဖြစ်တယ်လို့ ဆိုပါတ ယ်။
သူ့ရဲ့အလောင်းကို တွေ့ရှိချိန်မှာတော့ အခန်းတွင်းမှာ ဝစ်လစ်စလစ် အခြေအနေနဲ့ လည်ပင်းပြတ်ရှ ဒဏ်ရာတွေ၊ မျက်နှာ မှာလည်း အညိုအမည်းစွဲ ဒဏ်ရာတွေနဲ့အတူ ခြေတွေ လက်တွေကိုပါ ကြိုးတုပ်ရက်သား တွေ့ရှိခဲ့ကြတာပါ။
သူဟာ ဇက်ဘ် အင်ဆန်ပရန်ဘူရီ စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်း မိန်းကလေးတဦး ဖြစ်ပြီး အလုပ်မလာတာ ၂ ရက်ရှိနေပြီး လိုင်းအင်တာနက်ပေါ်မှာလည်း မတွေ့လို့ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဂျူသမတ်စ် ချိုင်ပရာထစ်က လုပ်ဖော်ကိုင်ဖက် မိန်းကလေးတွေကို သူ့အခန်းဆီ သွားကြည့်ခိုင်းခဲ့တာပါ။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အခန်းဆီရောက်တဲ့ အချိန်မှာတော့ အခန်းတွင်းက လူသေကောင်ပုပ်အနံ့ ရခဲ့တယ်လို့ ဆိုပါတယ်။
အခန်းကို အပြင်က သော့ခတ်ထားပေမယ့် တခန်းလုံး မီးတွေ ဖွင့်ထားခဲ့လို့ သူတို့က ရဲတွေကို အကြောင်းကြားခဲ့ ကြချိ န်မှာ ခုလို တွေ့မြင်ခဲ့ကြရတာပါ။
ဆေးစစ်မှုတွေ လုပ်ချိန်မှာတော့ သူဟာ လုပ်ဖော်ကိုင်ဖက်တွေ မလာခင် ၂ ရက်လောက် အလိုတည်းက သေဆုံးနှင့်ခဲ့ပြီး ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆောက်အအုံတွင်း နေထိုင်ကြတဲ့ မျက်မြင်တွေ့ရှိသူတွေကတော့ မိန်းကလေးဟာ ဇွန်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ အမျိုးသားတဦးရဲ့ ဆိုင်ကယ်နဲ့ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ အဲဒီအမျိုးသားကို မိန်းကလေးရဲ့ ချစ်သူလို့ ယူဆနေကြတာဖြစ်ပြီး လူသတ်တရားခံ ဖြစ်တယ်လို့ ပြောေ နကြတာပါ။
အဆိုပါအမျိုးသားဟာ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတခုကို တပ်ဆင်ထားတာကို တွေ့ရှိခဲ့ကြပြီး မျက်နှာကိုလည်း ဖုံးကွယ် ထားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ခွန်ချာ့ဒ်လုခ်သတင်းတပုဒ်မှာတော့ သံသယရှိတဲ့ အမျိုးသားဟာ ခန္ဓာကိုယ် တောင့်တောင့် တင်းတင်းနဲ့ အရပ်အမြင့် ၁၆၀ စင်တီမီတာရှိတဲ့ အသားမည်းမည်း အမျိုးသားတဦး ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး သေဆုံးခဲ့တဲ့ မိန်းကလေးရဲ့ ဖေ့စ်ဘွ တ်ခ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဝမ်းနည်းကြောင်း အမှတ်တ ရစကားတွေ ရေးနေခဲ့ကြတာပါ။
Source : goo.gl/4ijg5V


No comments