ဆရာတော်က အသနားခံပြီး လက်ခံထားတာတောင်မှ လုပ်ရပ်တယ်
ပြင်ဦးလွင်မြို့ ၂၃-၆-၂၀၁၇ ပဒေသာမြို့သစ်ကားကြီးကွင်း အနီးမှ မြနန္ဒာ ဘုန်းကြီးကျောင်းတွင် ပုံပါလူတစ်ယောက်က ဆရာတော်အား အသနားခံပြီး ကိုရင်ဝတ်ပါရစေဟုလျောက်ထားသည်။ ဆရာတော်မှ သနားသဖြင့် ကိုရင်ဝတ်ပေးခဲ့ပြီး ဆယ်ရက်ကျော်ခန့် ဝတ်နေပြီးမှ ကျောင်းရှိ ဆိုင်ကယ်တစ်စီးနှင့် ဆရာတော်အခန်းတွင်း သေတ္တာထဲမှ ငွေခြောက်သိန်းကျော်ကိုခိုးယူသွားခဲ့သည်။
ဆရာတော် အပြင်ဆွမ်းစားကြွနေချိန် ယနေ့မနက်ခုနှစ်နာရီ မထိုးခင် ဆရာတော်အခန်းတံခါးဖွင့်ပြီး မိမိဘာသာ လူဝတ်လည်းပြီး ခိုးယူထွက်ပြေးသွားပါသဖြင့် နည်းစပ်ရာ တကာတကာမများ အသိပေးအကြောင်းကြားပေးပါရန် ။
မြနန္ဒာကျောင်းတိုက်
ဆက်သွယ်သတင်းပေးရန်
Credit Tun Min Naung
Post a Comment